https://andro.io/app/businesscenter
Market Hub - Business Center for  Android – Latest Version & Features app icon
Android app profile

Market Hub - Business Center for Android – Latest Version & Features

by

4.0 (0 ratings)
Power 100

Price

free

Version

Updated

Size

Bytes

Rate this app

How do you feel about Market Hub - Business Center?

Thanks for your feedback!

> 2.2k

Monthly Downloads

~$900

Estimated Cost

Screenshots

About Market Hub - Business Center

လိုက်လွှင့်ပြီး ဈေးရောင်းချိန်၊ ပို့(စ်ထ်)တင်ပြီးရောင်းချချိန်များတွင် ကောမန့်များမှတဆင့် အလိုလျှောက် အော်ဒါများ ကောက်ယူပေးခြင်း၊ ဘောင်ချာထုတ်ပေးခြင်း၊ ငွေလွှဲ စခရင်ရှော့များ လက်ခံစစ်ဆေးပေးခြင်း၊ ပစ္စည်းပို့ရန် Deliအပ်ခြင်းများကို အလိုလျှောက် ဆောင်ရွက်ပေးမယ့် ဆော့ဝဲလ် ဖြစ်ပါတယ်။၁။လိုက်လွှင့်ရောင်း အလိုလျှောက် အော်ဒါကောက်ဖေ့(စ်)ဘုတ်ပေါ်မှာ လိုက်လွှင့်ရောင်းနေချိန် (သိုမဟုတ်) လိုက်လွှင့်ခါနီးရင် ဆော့ဝဲလ်ထဲမှာ ဖေ့(စ်)ဘုတ်လိုက်ဗီဒီယိုနဲ့ ချိတ်လိုက်ပါ။ ပြီးရင် ကောမန့်မှာ မန့်စေချင်တဲ့ အော်ဒါ ကုဒ်ကို (ဥပမာ။ ။ A10, B20 small=3, အင်္ကျီအဖြူ စသည်ဖြင့်) ဝယ်မယ့်သူတွေကို ပြောထားလိုက်ပြီး ဝယ်သူတွေက မန့်လိုက်တာနဲ့ သူတို့ရဲ့ မတ်ဆေ့ဂျာ ထဲကို ဝယ်ယူမည့် ပစ္စည်းနှင့်အတူ အော်ဒါဖောင် ရောက်သွားပါလိမ့်မယ်။ ဖောင်ဖြည့်ပြီးရင်တော့ ဝယ်သူရဲ့ မတ်ဆေ့ဂျာထဲကို ငွေလွှဲရမယ့် အကောင့်တွေနဲ့ ဘောင်ချာ ပို့ပေးပါလိမ့်မယ်။၂။ ပို့(စ်ထ်)တင်ရောင်း အလိုလျှောက် အော်ဒါကောက်ဖေ့(စ်)ဘုတ်ပေါ်မှာ ဈေးရောင်းနေတဲ့ ပို့(စ်ထ်)ကို ဆော့ဝဲလ်ထဲမှာ ရွေးပေးလိုက်ပါ၊ ပြီးရင်တော့ လိုက်လွှင့်သလိုပဲ အော်ဒါကုတ် ပေးထာလိုက်ပါ။ အော်ဒါကုဒ်ကို ကောမန့်မှာ မန့်လိုက်တာနဲ့ လိုက်လွှင့်ရောင်းတဲ့ အတိုင်း ဆက်လက်လုပ်ဆောင်ပါလိမ့်မယ်။၃။ အော်ဒါဖောင်အော်ဒါဖောင်မှာ ဝယ်သူအချက်အလက်တွေအပြင် အိမ်အရောက်ပို့လား ဂိတ်ပို့လား ပစ္စည်းရောက်ငွေရှင်း(COD)လား ငွေကြိုရှင်းလား ဆိုတာကို ဝယ်သူဘက်မှ ရွေးချယ်နိုင်သလို ဆော့ဝဲလ်မှလည်း ကြိုတင်တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ ဝယ်ယူမည့် အရေအတွက်၊ အရောင်(color)၊ အရွယ်အစား(size) စသည်ဖြင့် ပစ္စည်းတူအမျိုးကွဲ(variants) များကိုလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။၄။ ပစ္စည်းပို့ခ (Deli charges)အော်ဒါဖောင်ဖြည့်ချိန်မှာ ရွေးချယ်လိုက်တဲ့ မြို့နယ်ပေါ်မူတည်ပြီး ပစ္စည်းပို့ခ(Deli charges)တွေကို အလိုလျှောက် တွက်ချက်ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ နယ်မြို့တွေကို ရွေးလိုက်ရင်တော့ ဂိတ်တင်ခ ဖေါ်ပြပေးမှာ ဖြစ်ပြီး ပစ္စည်းပို့ရမယ့် ဂိတ်ကိုပါ အလိုလျှောက် သိနိုင်စွမ်းပါတယ် (ဥပမာ။ ။ အောင်မင်္ဂလာ၊ ဒဂုံဧရာ စသည်ဖြင့်)။ ဝယ်သူဘက်မှာလည်း ပစ္စည်းပို့ခကို အလွယ်အကူ သိမြင်နိုင်ပါတယ်။ ဆော့ဝဲလ်ထဲမှာ မြို့တွင်းပို့ခ၊ မြို့ပြင်ပို့ခ၊ ဂိတ်တင်ခ စသည်ဖြင့် အဆင်သင့်ထည့်သွင်းပေးထားပြီး ပစ္စည်းပို့ခများကို (Deli charges) မိမိတို့ လိုအပ်သလို ပြင်ဆင် ဖြည့်သွင်းနိုင်ပါတယ်။၅။ ပစ္စည်းရောက်ငွေရှင်း(COD) / ကြိုရှင်းဘယ်မြို့က ဝယ်ယူရင်တော့ COD ပေးမယ်၊ ဘယ်မြို့က ဝယ်ယူရင်တော့ ငွေကြိုရှင်း ရမယ် စသည်တို့ကိုလဲ ဆော့ဝဲလ်ထဲမှာ ကြိုတင်သတ်မှတ် ထားနိုင်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အိမ်အရောက်ပို့တွေကို COD ပေးပြီး နယ်ပို့ ဂိတ်တင်တွေကိုတော့ ငွေကြိုရှင်း ဖြစ်ပါတယ်။ အော်ဒါဖောင်ဖြည့်ချိန်မှာ ပစ္စည်းရောက်ငွေရှင်းလား ငွေကြိုရှင်းလား ဆိုတာကို ဝယ်သူအနေနဲ့ သိမြင်နိုင်ပါတယ်။ ငွေလွှဲ လက်ခံမယ့် အကောင့်တွေကိုလည်း ကြိုတင်ထည့်သွင်းထားနိုင်ပါတယ်။၆။ Chat boxမှ ငွေလွှဲစခရင်ရှော့များ စစ်ဆေးခြင်း (payment screenshots verification on FB Chat box)ဝယ်ယူသူက Cbမှာ ငွေလွှဲစခရင်ရှော့(screenshots) ပို့လိုက်တာနဲ့ ဆော့ဝဲလ်ရဲ့ AI စနစ်က KPay လား၊ KBZ Bank လား၊ CB Pay လား၊ CB Bank လား၊ AYA Pay လား၊ AYA Bank လား၊ Wave Money လား စသည်ဖြင့် အလိုလျှောက် ထောက်လှမ်းနိုင်စွမ်းပါတယ်။ KPay နဲ့ Wave money ဆိုရင်တော့ ဆော့ဝဲလ်က ငွေ ဝင်/မဝင် အလိုလျှောက် စစ်ဆေးပေးနိုင်ပါတယ်။ Chat box ထဲက များပြားလှတဲ့ မတ်ဆေ့တွေထဲမှာ Payment screenshots တွေကို လိုက်ရှာနေစရာ မလိုတော့ပါဘူး၊ ဒီမှာ နည်းပညာနဲ့ အဆင်သင့် ရှာပေးထားတယ်နော်။၇။ Invoice Invoice မှာဆိုရင်လည်း ကိုယ်ပိုင် logo ကိုယ်ပိုင်နာမည် နဲ့ ထွက်ပေးမှာ ဖြစ်ပါတယ်။၈။ ဘာတွေပါသေးလဲ- POS - ကုန်ရောင်းကုန်ဝယ်ပိုင်း- Delivery management - ပစ္စည်းပို့ဆောင်ခြင်း- Accounting - ငွေစာရင်းပိုင်း- Business Advisory - လုပ်ငန်း အကြံပေးချက်- Human Resource Management(HR) - ဝန်ထမ်းရေးရာMessenger message broadcasting - မတ်ဆေ့ဂျာတွင် မတ်ဆေ့ပို့ခြင်းကဲ့ အော်ဒါတွေများလွန်းလို့ Cbထဲမှာ လိပ်စာ ဖုန်းနံပါတ် ပို့ထားတာတွေရှာရခတ်၊ ငွေ လွှဲ/မလွှဲ ငွေ ဝင်/မဝင် စစ်ဖို့ခတ်နေရင်တော့ Market Hub ရဲ့ Rebot ကို သုံးကြည့်လိုက်ပါ။

Share

Share Market Hub - Business Center

Help others discover this Android app.

Market Hub - Business Center

Market Hub - Business Center

Free

Get